









"ကျိုက်တင်းကျိုက်ဘွဲ.ချီရွှေမော်တင်စေတီ"
သက္ကရာဇ် ၁၀၃-ခုနှစ်တွင် နိမ္မိတဆံတော်ပွားများကို မူးမတ် ညာရှိတို.အားပင့်ဆောင်စေ၍ ကြုံမော်တင်တောင်ဘက်၌ ဒေဝဒါမော်ပီ ဥသျှစ်ပင်နစ်၊ မှော်ဘီဘိုးဘိုးကြီးညွှန်ပြရာ ဘူမိနတ်သန်မှန်သောနေရာတွင် ကုန်းမြေပြုလုပ်၍ ရွှေမော်တင်စေတီတော်မြတ်ကို တည်ထားကိုးကွယ်တော်မူသည်။ စေတီတော်ကို "ကျိုက်တင်းကျိုက်" (ဘုရားလက်ထက်ဘုရား) ဟု ဘွဲ.ချီတော်မူသည်။
"ကျိုက်မော်တောဘွဲ."
ဟံသာဝတီကို စိုးစံတော်မူသော "သမလမင်း" လက်ထက်တော်တွင် ၎င်းစေတီတော်ကို "ကျိုက်မော်တောဘွဲ." ဟုဘွဲ.ချီတော်မူသည်။






ဆက်သွယ်လှူတန်းရန်
ဦးသိန်းလှိုင်
ဖုန်းနံပါတ် : +95 9 961697500
ရွှေမော်တင်စေတီတော်ဂေါပကအဖွဲ.၊ မှော်ဘီမြို.။