သမိုင်းဝင်ရွှေမော်တင်စေတီတော်မြတ်ကြီး မှော်ဘီမြို. စေတီတော်သမိုင်းအကျဉ်း

"ကျိုက်တင်းကျိုက်ဘွဲ.ချီရွှေမော်တင်စေတီ"

သက္ကရာဇ် ၁၀၃-ခုနှစ်တွင် နိမ္မိတဆံတော်ပွားများကို မူးမတ် ညာရှိတို.အားပင့်ဆောင်စေ၍ ကြုံမော်တင်တောင်ဘက်၌ ဒေဝဒါမော်ပီ ဥသျှစ်ပင်နစ်၊ မှော်ဘီဘိုးဘိုးကြီးညွှန်ပြရာ ဘူမိနတ်သန်မှန်သောနေရာတွင် ကုန်းမြေပြုလုပ်၍ ရွှေမော်တင်စေတီတော်မြတ်ကို တည်ထားကိုးကွယ်တော်မူသည်။ စေတီတော်ကို "ကျိုက်တင်းကျိုက်" (ဘုရားလက်ထက်ဘုရား) ဟု ဘွဲ.ချီတော်မူသည်။

"ကျိုက်မော်တောဘွဲ."

ဟံသာဝတီကို စိုးစံတော်မူသော "သမလမင်း" လက်ထက်တော်တွင် ၎င်းစေတီတော်ကို "ကျိုက်မော်တောဘွဲ." ဟုဘွဲ.ချီတော်မူသည်။

"ကျိုက်တိုက္ခပွယ်တော်ဘွဲ."

သမလမင်း၏ မိဘုရား တိုက္ခပွယ်တော်ဒေဝီ မိဘုရားဘကြီးဖြစ်ပြီးနောက် ငါးနှစ်အရှိတွင် ယင်းစေတီတော်ကို ဂဝံကျောက်ဖုံးအုပ်မွန်းမံ တည်ပြီးလျှင် ရွှေထီးတင်လှူ၍ ကျိုက်က္ခပွယ်တော်ဟု ဘွဲ.ချီတော်မူသည်။

တိုက္ခမီဘုရားဟု သမိုင်းရာဇဝင်အချို.က ဆိုသည်ကိုတွေ.ရသည်။

"အရိန္ဒမမင်းလက်ထက်"

သက္ကရာဇ် ၅၄၀ပြည့်၊ ပြာသိုလဆန်း ၁ ရက်၊ ဗုဒ္ဓဟူးနေ.တွင် ဟံသာဝတီမြို.ကို အသားမင်း၏ သားတော် အရိန္ဒမမင်း ထီးနန်းသိမ်းပိုက်ခံယူပြီး (၅)လခန်.ရှိသောအခါ အမတ်ကြီးလကွန်းက္ကန်၊ အမတ်ကြီးကကုန္ဒသူရ၊ တပ်မှူးစောကြီး၊ အကြပ်ငတော်လွတ်၊ ၎င်းတို. (၄)ယောက်ကို ငယ်သားလူပေါင်း ၁၅၀ နှင့် ဒုံမော်ပီ ပိုခန်.အပ် နေထိုင်စေသည်တွင် သမိုင်းဟောင်းအရ ထိုစေတီတော်ကို ကောင်းမွန်စွာ စောင့်ရှောက်ပြုပြင်စေတော်မူသည်။

(ဒုံမော်ပီ - ကား ဥသျှစ်ပင်ခွန်းမြို.ဆိုသည်)

(တလိုင်းစကားကို မြန်မာစကားဖော်ပြချက်)

"ပုဏ္ဏရိကမင်းလက်ထက်"

သက္ကရာဇ် ၆၈၀ပြည့်နှစ်တွင် ဟံသာဝတီ ပုဏ္ဏရိကမင်းလက်ထက် ဒုံမော်ပီကို ထပ်မံတည်စေ၍ ဗျညားကကုန္ဓအမတ်ကို မြို.စားခန်.အပ်ပြီးလျှင် သမိုင်းစာတမ်းအရ ထိုစေတီတော်ကို ပြုပြင်စေတော်မူသည်။

"ဗညားဦးလက်ထက်"

သက္ကရာဇ် ၇၃၁ ခုနှစ်တွင် ဟံသာဝတီဗညားဦးလက်ထက် ဒုံမော်ပီမြို.စား အမတ်စွယ်သူရက စေတီတော်ကို ပူဇော်စောင့်ရှောက်တော်မူသည်။

"ဗညားနွဲ.ခေါ်ရာဇာဓိရာဇ်မင်းလက်ထက်"

ဗညားဦး၏သားတော် ဗညားနွဲ.ခေါ် ရာဇာဓိရာဇ်မင်းလက်ထက် မော်ပီမြို.စား အမတ်စွယ်သူရသားက အဖအရာကို ဆက်ဆံ၍ ဘုရားကိုစောင့်ရှောက်ပူဇော်တော်မူသည်။

"ဗညားဓမ္မရာဇာ၊ ဗညားရန်ခိုက်တို.လက်ထက်"

သက္ကရာဇ် ၇၈၅၊ ၇၉၀ ပြည့်တွင် ရာဇာ်ဓိရာဇ်၏ သားကြီး ဗညားဓမ္မရာဇာ၊ ၎င်းညီတော်ဗညားရန်ခိုက်တို.အဖ၏ အရိုက်အရာကိုဆက်ခံ စိုးစံတော်မူကြသည့်အခါ စေတီတော်ကို မြို.စားအမတ်ဥဘာကောင်းကို ပြုပြင်စေတော်မူသည်။

"ရှင်စောပို.ဘုရင်မလက်ထက်"

သက္ကရာဇ် ၈၁၄ ခုနှစ်၊ ရာဇာဓရာဇ်၏သမီးတော် ရှင်စောပို.သည် ဟံသာဝတီကို စိုးစံတော်မူသောအခါ မော်ပီမြို.စားအမတ် ဇိန်ဗြဲကို ခန်.အပ်၍ စေတီတော်ကို အုဌ်သားအချောရှစ်မြှောင်းချိုးဖြင့် ယခင်စေတီကိုမျိုငုံလွှမ်းခြုံဖုံးအုပ်တည်တော်မူသည်။

"ပုဏ္ဏရာဇာ လက်ထက်"

သက္ကရာဇ် ၈၃၃ ခုနှစ် သီရိတြိဘဝနာပြမာ အဂ္ဂရာဇာ မဟာဒေဝီဘွဲ.ခံ ရှင်စောပို.၏သားမက်တော် ရှင်ဘွဲ.ဓမ္မဓရအိမ်ရှေ.မင်းဘွဲ. ပုဏ္ဏရာဇာသည် ယောက္ခမအရိုက်အရာ ဟံသာဝတီမြို.ကို သိမ်းပိုက်တော်မူ၍ ဓမ္မစေတီဘွဲ.ကို ခံယူလျှက် စိုးစံတော်မူသည်။

ပုဏ္ဏရာဇာသည် မော်ပီမြို.စား အမတ်ဇိန်ဗြဲကို ခန်.အပ်၍ မင်းမြှောက်တန်ဆာငါးပါးကို လှူးဒါန်းစေပြီး လျှင် စေတီတော်ကို ပြုပြင်စေတော်မူသည်။

"ဗညားဟတ္တိရာဇက်လက်ထက်"

ဓမ္မစေတီမင်း၏ သားတော်ဗညားဟတ္တိရာဇက်လက်ထက် ဇိန်ဗြဲအမတ်ကိုပင်ခန်.အပ်၍ စေတီတော်ကို ပြုပြင်စေတော်မူသည်။

"သုရှင်တကာရွတ်ပိလက်ထက်"

ဗညားဟတ္တိရာဇာ မရှိနောက်သားတော် သုရှင်တကာရွတ်ပိသည် မော်ပီမြို.ကို ကျုံးမြောင်းတူးပြီးလျှင် အုတ်မြို.ရိုးခိုင်ခံစွာတည်လုပ်၍ စိုးစံတော်မူသောအခါ "မူလရှီရင်းဘေးတော်မ၏ စေတီဟောင်းကို ဖုံးလွှမ်းမျိုငုံ၍ ထပ်ဆင့်တည်တော်ပြန်တော်မူရာ သံတောင်(၈၀) မြင့်သည်။

ပြီးသောအခါ ရွှေထီးတင်လှူ အထက်ခရာပြီးမှ အောက်ဖိနပ်တော်ရောက် ရွှေသင်္ကန်းကပ်လှူတော်မူသည်။

"သ္မိင်ပဂူလက်ထက်"

အင်းဝမြို.လောကသရဖူ ဘုရားဒါယကာ ကြသပတေးမင်းနှင့် ဟံသာဝတီပါမင်းလည်းခေါ်၏ ၎င်းမင်းနှင့် နန်းပြိုင် ပဲခူးမြို.ဗြမ္ဗ န္တိရာဇာ၏ သားမက်တော် သ္မိင်ပဂူကို မော်ပီမြို.စား ခန်.အပ်၍ ဘုရားကို ပြုပြင်စေသည်။

"ဆင်ဖြူရှင်မင်းတရားကြီး၏ မော်ပီမြို.စားမိဘုရား"

ကုန်းဘောင်ဆက် အလောင်းမင်းတရားကြီး၏ ဒုတိယသားတော် ရတနာပူရ တတိယမြို.တည် ဆင်ဖြူရှင်မင်းတရားကြီးသည် ရန်ကုန်မြို.သို. စုံတော်မူလာ၍ တိဂုံစေတီတော်မြတ်ကို ရွှေထီးအထွဋ်တင်လှူတော်မူသည်။

၎င်းမင်း၏ မော်ပီမြို.စား မိဘုရားက မော်တင်စေတီတော်ကို ရွှေထီးတင်လှူ၍ ရွှေလုံးပြည့်ကပ်လှူတော်မူသည်။

ဘုရားတကာဦးရွှေရောက် + ဒေါ်သဲဝါ

၁၂၇၁ ခုနှစ်တွင် ပြိုကျသော အုဋ္ဌ်များကို သန်.ရှင်းစုပုံစေသည်။

ဘုရင်မရှင်စောပို.တည်သော ရှစ်မြှောင်းချိုး အုဋ္ဌ်သားစေတီပေါ်ထွက်လာသည်။

၁၂၇၂ ခုမှ ၁၂၇၃ ခုနှစ်တိုင်ထပ်မံပြုပြင်ရာ ဂေါ်ပကလူကြီးများ ကိုယ်စိတ်နှစ်ပါးမချမ်းသား၍ အားလျှော့လျှက်ရှိနေကြသည်။

၁၂၇၄ ခုနှစ်၊ မော်ပီမြို.နယ်၊ လိန်ကုန်းတိုက်၊ ရိုးကြီးရွာတွင် သူတော်ဥစ္စာခုနှစ်ဖြာနှင့် ပြည့်စုံသဖြင့် သမ္ဗတိစက်တိုးတက်ဖြောင့်မတ်လျှက်ရှိသော သိမ်ကြီးဒါယကာ ဦးရွှေရောက် + သိမ်းကြီးဒါယကာမ ဒေါ်သဲဝါတို.နေထိုင်လျှက်ရှိခဲ့သည်။

ရှေးရှေးကဒါယကာ၊ ဒါယကာမဟောင်းများဖြစ်ခဲ့ကြ၍ သမ္မာဒေဝနတ်ကောင်း နတ်မြတ်များ နှိုးဆော်သော နမိလက္ခဏာသည် စိတ်၌ထင်လာသောကြောင့် ထိုစေတီတော်မြတ်ပျက်စီးယိုယွင်းလျှက်ရှိသည်ကို ကြားသိရသည်.အတွက် မိမိတို.ကုသိုလ်ဆင်သည် ယွင်းပျက်လျှက်ရှိနေပြီဖြစ်သည်။

စိတ်ထားမကြည်မရွှင်သော နှလုံးဖြင့် ညိုးချုံးနွမ်းနယ်သော ဥပါဒါန်စိတ်ကို ဖြေဖျောက်ပြီးလျှင် သုမင်္ဂလာ သူဌေးကြီး၏ ထုံးကိုစွဲသုံးနှစ်ခြိုက်သပေါပိုက် ပသန္န၊ သဒ္ဓါအဓလ၊ တက်ကြွရင်းရှိသည့်အတိုင်း မဆိုင်းမတွ အားထုတ်၍ ထပ်မံပြုပြင်တည်ရာ ထမြောက်အောင်မြင်ပြီးစီးသဖြင့် စေတီရွှေထီးအထွဋ်တင်လှူခြင်းနှင့်တကွ ကောင်းစွာချောမောအံသြဘွယ်နှင့် ဝမ်းမြောက်ကြည်ညိုခြင်းများ ယခုတိုင်တည်ရှိလေသည်။

အရပ်ရပ်ဘုရားစေတီတော်နှင့် ဆိုင်သော အရာရာတို.ကို ပြုပြင်မွင်းမံရသော ကုသိုလ်ဖြစ်သောကြောင့် အနုလာမိရွှေအိုးကြီးကို တိုးတက်အောင် မြေ၌သိုမြုပ်ခြင်း ဒါနမင်္ဂလာကြီးဖြစ်ချေသတည်း။

၎င်းအပြင် ဘုရားပတ်ဝန်းကျင် အနီးရှိ ဝယ်ယူထားသော လယ်မြေများမှ မြေဆီ၊ မြေခွန်ခများကို ဝတ္ထုကံ မိုးမြေကဲ့သို. နှစ်စဉ်ဘုရားပွဲ ပြုလုပ်ကျင်းပသည့်အခါတိုင်း လှူးဒါန်းပူဇော်ရန် ရည်ရွယ်စိတ်ထား သဒ္ဓါတရားပွားများလျှက်ရှိသည်ကို နတ်လူတသီး ဗြဟ္မာကြီးများ သာဓုကောင်းကြီး ခေါ်ကြကုန်သည် ဖြစ်လေးသတည်း။

Back to top